Friday, October 7, 2011

အလွမ်း

ရာသီဥတုကတော့ တဖြည်းဖြည်းနဲ့ အေးလာပြီ
ကိုယ်ရဲ့ အိမ်အပြန်လမ်းတလျှောက်မှာ
နှင်းမြူတို့  အုံ့  မှောင် ပြာ နွမ်း ... ၊ ကိုယ် ....
ချမ်း .. လိုက်တာ .... ချစ်သူရယ် .... ။
ဘာပဲပြောပြော ဒီညကိုလည်း
ကိုယ်တစ်ယောက်တည်း အထီးကျန်စွာ
ဖြတ်သန်းရဦးမယ် ... ၊
ပတ်ဝန်းကျင်မှာ
ဆောင်းလေရိုင်းတို့  တနင့်တပိုး စီး .. ခတ် ...
ကိုယ့်အနာဂတ်ဟာ ဓားချက်တွေချင်း
ထပ် ... ရင်း ပေါ့ကွယ် ..... ။