မှုန်ပြပြ ဆောင်းတစ်ညကို
သတိရတယ် ...
မနက်ဖြန်ဟာ ပွင့်လင်းရာသီရဲ့ 
ပထမဆုံး နေ့  များလား ....
နင်ချမ်းအေးမနေဘူးဆို သက်သေပြစရာမလိုအောင်
ငါ့မှာ .. သိ .. ရ .. တယ် .... ။
ငါတို့  ဖြတ်ကျော်ခဲ့ကြတဲ့ နွေ ၊ မိုး ၊ ဆောင်း
ငါတို့  ပြန်မရတော့တဲ့ နေ့ စွဲများ
ပျော့ညံ့ညံ့ နင့်မင်းသားခမျာ နှုတ်ခမ်းကို ကိုက်လို့ 
ခေါင်းငိုက် စိုက်ရတယ် ...
ငါတို့  ထိုင်ခဲ့ကြတဲ့ အအေးဆိုင်
ငါ့တို့  သွားခဲ့ကြတဲ့ ဘုရားပုထိုးများ
ငါ့တို့ ရဲ့ စကားဟာ
ငါတို့ ရဲ့  နှလုံးသား ဖြစ်ခဲ့ကြပေမယ့် .... ၊
ငါ့အခန်း နံရံ ပေါ်က နင့်လက်ရေးဟာ
ငါတို့ အတွက် နောက်ဆုံးအမှတ်တရ
ငါသတိရတိုင်း ထုတ်ထုတ်ကြည့်မိတဲ့
နင့်ရဲ့  အင်္ကျီလေး ....
ငါတို့  တနွမ်းတလျ ဝေးခဲ့ကြတယ် ...
ငါတို့  ... တနွမ်းတလျ ဝေးခဲ့ကြတယ် ...
ငါတို့  ... တနွမ်းတလျ ဝေး ... ခဲ့ကြတယ် ...
အချစ်ရယ် ............. ။ ။
No comments:
Post a Comment